MK (နည်းပညာ)

ခေါင်းစဉ်များ

နည်းပညာ


⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒

ပန်းရောင် Galaxy S7 Edge ဖုန်းကို အမေရိကန်ပြည်ထောင်စုတွင် ထုတ်လုပ်



Samsung ဟာ ပန်းရောင်နဲ့ ရွှေရောင်စပ်ထားတဲ့ Samsung Galaxy S7 Edge ဖုန်းကို အမေရိကန်ပြည်ထောင်စုမှာ စတင်ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဖုန်းကို ဒီလထဲမှာ ကိုရီးယားနိုင်ငံမှာ ကြေငြာခဲ့တာဖြစ်ပေမယ့် အမေရိကန်မှာတော့ တရားဝင် မကြေငြာရသေးတာဖြစ်ပါတယ်။

ဒါပေမယ့် ပန်းရောင် Galaxy S7 ဖုန်းဟာ တိုက်ရိုက်ဝယ်ယူလို့ရဦးမှာမဟုတ်ပဲ Amazon ကနေတစ်ဆင့် မှာယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဖုန်းဟာ Dual SIM အမျိုးအစားနဲ့ လာမှာဖြစ်ပြီး အာမခံတော့ ပါဝင်မှာမဟုတ်ဘူးလို့သိရပါတယ်။

ဒါပေမယ့်ဒါဟာ ကန့်သတ်အရေအတွက်နဲ့သာ ရရှိနိုင်မှာဖြစ်ပြီး ဘယ်နှစ်လုံးအထိ ထုတ်လုပ်ရရှိနိုင်တယ်ဆိုတာတော့ ပြောကြားခြင်းမရှိပါဘူး။ ဟန်းဆက်အနေနဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၇၄၉ ကနေစတင်ရရှိနိုင်မှာဖြစ်ပါတယ်။

Samsung Galaxy S7 ဖုန်းဟာ ဒီမတိုင်ခင်ကလည်း ဗားရှင်းအမျိုးမျိုးနဲ့ထွက်ရှိခဲ့ဖူးပြီး Batman ဒီဇိုင်း In Justice Edition နဲ့ ဘရာဇီးလ်အိုလံပစ်ပွဲကို ရည်စူးထုတ်လုပ်ထားတဲ့ 2016 Olympic Edition တို့ဟာ ထင်ရှားပါတယ်။ ဒီဖုန်းကို မြန်မာနိုင်ငံမှာ ဘယ်အချိန် ဘယ်ဈေးနှုန်းနဲ့ ရရှိနိုင်မယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။


Ref: Phone Arena


Credit To... (http://digitaltimes.com.mm)

⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒

Windows PC ပေါ်တွင် iOS device Screen ကို ချိတ်ဆက် အသုံးပြုခြင်း

iPhone, iPad ပေါ်မှာ ပြုလုပ်တဲ့ အရာတွေကို Windows အသုံးပြုထားတဲ့ PC ပေါ်ကနေ ကြည့်ရှုချင် သူတွေအနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းနဲ့ အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ iPhone, iPad  ပေါ်ကနေ ဂိမ်းဆော့တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ရှုတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် Screen သေးသေးလေးကနေ မကြည့်ရှုချင် သူများအတွက် Airplay ကိုအသုံးပြုပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်ကြည့်ရှု နိုင်မှာဖြစ်ပါတယ်။

အဆိုပါ လုပ်ငန်းစဉ်ကို ပြုလုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အရာတွေကတော့ WiFi adapter နဲ့ 
LonelyScreen ဆိုတဲ့ ဆော့ဖ်ဝဲလိုအပ်မှာ ဖြစ်ပါတယ်။ Lonely Screen ဆိုတဲ့ ဆော့ဖ်ဝဲကို http://www.lonelyscreen.com ဆိုတဲ့  ဝက်ဘ်ဆိုက်လိပ်စာမှာ အခမဲ့သွားရောက်
 ရယူနိုင်မှာ ဖြစ်ပါတယ်။ ပထမဦးဆုံး အဆိုပါ ဆော့ဖ်ဝဲကို download ပြုလုပ်လိုက်ပါ။
Download ပြုလုပ်ပြီးသွားရင် အဆိုပါ ဆော့ဖ်ဝဲကို ကွန်ပျူတာအတွင်း Install ပြုလုပ်ပေးရပါမယ်။ 
Install ပြုလုပ်ပြီးပြီဆိုရင် Windows Firewall က အဆိုပါ ဆော့ဖ်ဝဲကို Block မပြုလုပ်ရန်အတွက်
 Fix It (Administrator) ဆိုတဲ့ ခလုတ်လေးကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။ အဆိုပါအဆင့် ပြီးသွားပြီဆိုရင် အသုံးပြုမယ့် Server Name ကို ပြောင်းပေးရပါမယ်။ နှစ်သက်ရာ နာမည်ကို ထည့်သွင်းနိုင်ပါတယ်။ နာမည် ပြောင်းပြီးရင် Save button ကို နှိပ်လိုက်ပါ
ကွန်ပျူတာမှာ အဆိုပါ အဆင့်တွေ ပြီးသွားရင် iPhone, iPad ရဲ့ Notification center ကို သွားရပါမယ်။ Notification Center ကို ရောက်သွားရင် AirDrop ဘေးနားက Airplay ဆိုတာကို နှိပ်လိုက်ပါ။ Airplay ကိုနှိပ်လိုက်ရင် ကွန်ပျူတာမှာ ပထမပေးထားတဲ့ Receiver ရဲ့ နာမည်ကို သင့်ရဲ့ iPhone, iPad ပေါ်မှာ တွေ့မြင်ရပါလိမ့်မယ်။ အဆိုပါ Receiver ကို နှိပ်လိုက်ပါ။
နောက်တစ်ဆင့်ကတော့ အောက်ခြေမှာရှိတဲ့ Mirroring ဆိုတဲ့ Slider button ကို ဘေးကိုဆွဲပြီး ဖွင့်လိုက်ပါ။ ဖွင့်ပြီးရင် ညာဘက်ထောင့် အပေါ်နားမှာရှိတဲ့ Done ဆိုတဲ့ Button ကို နှိပ်လိုက်ရင်
 iOS Device နဲ့ PC စတင် ချိတ်ဆက်ပြီး အလုပ်လုပ်ဆောင်ပြီ ဖြစ်ပါတယ်။
Credit: ကိုသီဟ
Internet Journal
ဇူးနစ်(နည်းပညာ)
⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒

 1Mobile Market မှာကိုယ်တိုင်ရေးထားတဲ့Apk Upload တင်နည်း


ဒီကနေ့ Hlwan Moe Aung မေးထားတဲ့ mobile ကိုယ်တိုင်ရေးထားတဲ့Apk Upload  တင်နည်း ရေးပေးလိုက်ပါတယ်ဗျာ 
မေးခွန်း။     ။Play store (or) One Mobile ပေါ်သို့ Application တင်နည်းနှင့် လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ သိချင်ပါတယ် ခင်ဗျ။
ကျေးဇူးပြု၍ ဖြေကြားပေးပါခင်ဗျာ။တဲ့
============================================================ ဟုတ်ကဲ့ပါခင်ဗျား ကိုယ်တိုင်ရေးတဲ့ Apkတွေကို

Play Store မှာတင်ရင်တော့ $25.00 USD ကျသင့်မှာဖြစ်ပါတယ် 


အဲ့တော့ 1Mobile Market  ဘဲတင်တဲ့နည်းလေးကိုပြောပြတော့မယ်နော်။
ပထမဦးဆုံး [ဒီလင့်ကိုသွားလိုက်ပါ]   
အဲဒီလင့်မှာ ပထမဦးဆုံး အကောက်ဖွင့်ပါနော် အရမ်းလွယ်ပါတယ်ဗျာ။

ပုံမှာပြထားတဲ့အတိုင်း SingUp ကိုနှိပ်လိုက်ပါနော်

လိုအပ်တာတွေအပေါ်မှာထြားတဲ့ အတိုင်းအဆင့်ဆင့်ဖြည့်ပေးလိုက်ပါနော်။

အားလုံးဖြည့်ပြီးရင် Next နဲ့ဆက်သွားလိုက်ပါ။ပြီးရင် အီးမေးကိုဖွင့်ထားပါနော်။
အပေါ်ပုံပါအတိုင်း 1မိနစ်မပြည့်ခင် Verify လုပ်ပေးရပါမယ်။


 အီးမေးထဲ ပို့လာတဲ့ 1Mobile Market  မေးကိုဖွင့်ပြီ Verify လုပ်ပြီးလို့အောင်မြင်ရင်အောက်ကပုံလေးအတိုင်ပါဘဲ။


ကဲနောက်တဆင့်က ကိုယ်တိုင်ရေးထားတဲ့Apk Upload  တင်ဘို့အဆင့်ပါဘဲ အပေါ်ကစာမျက်နှာလေး ကခဏအကြာမှာ အောက်ကပုံလေးအတိုင်းစာမျက်နှာတခုပြောင်းသွားပါလိမ့်မယ်။

Add New Appliction ကိုဆက်ပြီးကလစ်ပါ။

Titel နေရာမှာ App အတွက်သင့်တော်မည့်အမည်ပေးလိုက်ပါ။ ပြီးရင် App တင်ဘို့မိမိစက်ထဲကရွေးပေးလိုက်ပြီးတင်ပေးလို့ရပါပြီ။

 မိမိ App အတွက် Sreenshot လေးတွေကို  တော့အောက်မှာပြထားတဲ့ပုံအတိုင်း ထည့်ပေးရုံပါဘဲ။

ပုံတင်ပြီးရင် Save လိုက်ပါနော်
အပေါ်ကပုံလေးက ကျွန်တော်တင်ထားတဲ့ ပုံလေးနမူနာပါ 1Mobile Market မှာကိုယ်တင်ထားတဲ့ App လေးပေါ်ဘို့တော့ ၁ရက်ကနေ ၇ ရက်အထိကြာတတ်ပါတယ်တဲ့ ကဲ 1Mobile Market မှာကိုယ်တိုင်ရေးထားတဲ့Apk Upload  တင်နည်းလေးကတော့ ဒီမှာဘဲအဆုံးသတ်ပါပြီ အားလုံးအဆင်ပြေပါစေဗျာ


!ဆော့ဝဲနှင့်နည်းပညာ ပိုဒ့်လေးတွေကိုနှစ်သက်ရင်!
o_Oအောက်ကလင့်လေးတွေက လာလည်ကြဖို့ဖိတ်ခေါ်ပါတယ်ဗျာO_


 ⇛⇛⇛⇛⇛⇛⇛⇛⇛⇛⇛⇛⇛⇛⇛⇛⇛⇛⇛⇛⇛⇛

Asus ဖုန်းများနဲ့ အခြားသော ဖုန်း Device များအတွက် အကောင်းဆုံး PC Link ဖုန်းဆော့ဝဲ Drivers






မင်္ဂလာပါ
အွန်လိုင်းတစ်ခွင် ဟိုရှာ ဒီရှာနဲ့ ဒီကောင်လေးကိုတွေ့လာလို့
အားလုံးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

ဒီ Pc Link ဆိုတာက Asus ဖုန်းများနဲ့ အခြားသော
ဖုန်း Device များအတွက် အကောင်းဆုံး အလုပ်လုပ်ပေးနိုင်ပါတယ်။

အထူးသဖြင့် Asus ဖုန်းများနဲ့ /Tablet များကို Root လုပ်တော့
မယ်ဆိုရင်တော့ ကွန်ပျူ တာမှာပဲ ဖြစ်ဖြစ် ဖုန်းထဲမှာ Apk လေးပဲ
ဖြစ်ဖြစ် အင်စတောလုပ်ထားပြီးသား ရှိနေရင်တော့ အရမ်း
အဆင်ပြေပါတယ်။

အခုကျနော် ဒီ Pc Link ကိုအသုံးပြု နည်းကိုတော့
မရှင်းပြနေတော့ပါ ဖုန်းနဲ့ ကွန်ပျူ တာမှာ အင်စတော
လုပ်နည်းကိုသာ အသေးစစ်ရှင်းပြသွားမှာ ဖြစ်ပါတယ်။

 PC Link ကို ဖုန်းမှာ အင်စတောလုပ်နည်း
======================
၁။ ပထမဆုံး Apk လေးကို Playstore မှာ ဒေါင်းလော့ရယူပါ

ASUS PC Link

OR

Download Here

OR

Download Here

၂။ Install လုပ်ရန်အတွက် setting / security /
 unknown source အကွက်လေးကို အမှန်ခြစ်ပေးပါ။


ဖုန်းအားလုံးမှာ အသုံးပြု နိုင်ပါတယ်။

  PC Link ကို ကွန်ပျူ တာမှာ အင်စတောလုပ်နည်း
====================

ဒီတစ်ခါ Pc Link ကို ကွန်ပျူ တာမှာ အင်စတောလုပ်နည်းကို
ပုံလေးတွေနဲ့ တကွရှင်းပြလိုက်ပါတယ် အောက်မှာ ကြည့်လိုက်ပါ။

၁။ ပထမဆုံး Pc Link ကို အောက်ကလင့်မှာ ဒေါင်းလော့ရယူလိုက်ပါ

Pc Link For Windows  

OR

Download Here

OR

Download Here

 ၂။ ဒေါင်းလော့ရလာတဲ့ Setup exe ဖိုင်ကို Run as administer ဖြင့်
အင်စတောလုပ်ပါ အောက်ကပုံကိုကြည့်ပါ၊ တကယ်လို့ ဆော့ဝဲက
တရုတ်စာနဲ့ ပြနေခဲ့ရင်တော့ English ဆိုပြီး ပြောင်းပေးလိုက်ပါ။


၂။ အောက်ကပုံအတိုင်းပြနေရင်တော့ Next ကိုနှိပ်ပါ။


၃။ အောက်ကပုံအတိုင်းပြနေခဲ့ရင်တော့ I accept the agreement ဆိုတာကို
အမှန်ခြစ်ပေးပါ ပြီးရင် Next ကိုထပ်နှိပ်လိုက်ပါ။


၎။ Next ကိုသာ ဆက်နှိပ်သွားလိုက်ပါ။


 ၅။ အောက်ကပုံအတိုင်း ပြနေခဲ့ရင်တော့
 Install ဆိုတာကိုနှိပ်လိုက်ပါ။


၆။ ဆော့ဝဲ အင်စတောလုပ်နေပါလိမ့်မယ်။


၇။ အောက်ကပုံအတိုင်းပြနေခဲ့ရင်တော့ အင်စတော
လုပ်လို့ ပြီးသွားပါပြီ Finish ကိုနှိပ်လိုက်ပါ။


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

  Download Here

No comments:

Post a Comment