Photoshop ကို လေ့လာသူတွေဟာ ကျွမ်းကျင်အဆင့်ကို ရောက်ဖို့ Tools တွေ အသုံးပြုမှုကို ပိုင်နိုင်ဖို့ လိုပါတယ်။ဒိတော့ အခြေခံကို အခုမှ စတင်လေ့လာသူတွေ Tools တွေနဲ့ သုံးပြီး ပုံတပုံကို လက်ရာကောင်းကောင်းနဲ့ လွယ်ကူစွာ ပြင်နိုင်ဖို့ Shwe Tech အဆင့်ပေါင်း (10) နဲ့ ခွဲခြားပြီး ရှင်းလင်းစွာ ဖော်ပြပေးလိုက်ပါတယ်။Photoshop Beginner တွေအနနဲ့ ဖတ်ရှုပြီး ပုံကောင်းတပုံရအောင် ဖန်တီးနိုင်ဖို့ ဒီကဏ္ဍကို တင်ဆက်လိုက်ခြင်းဖြစ်ပါတယ်။
1.မရှိမဖြစ် ဆောက်သင့်တဲ့ Layer များ
Photo တခုကို ပြင်ဆင်တော့မယ်ဆိုပြီး Photoshop ထဲဝင်လိုက်ပြီဆိုတာနဲ့ Layer တွေကို ဆောက်ဖို့ လိုပါတယ်။ဒါဟာ ကိုယ့်ရဲ့ Original File ကိုလည်း ပြန်ရနိုင်သလို ကိုယ်အစားထိုးပြင်ဆင်ထားတာကို တခုချင်းဆီ Layer ဆောက်ထားမယ်ဆိုရင် ပြင်ချင်တဲ့ အပိုင်းကို စိတ်ကြိုက်ကွက်ပြီး ပြင်ဆင်နိုင်ပါတယ်။ Sheets တွေကို ကူးပြောင်းတဲ့အခါ ကိုယ်လိုချင်တဲ့ ပြင်ဆင်မှုအပိုင်းတွေကို Layer ထဲက သွားဆွဲပြီး ထုတ်ယူလာလို့ ရပါတယ်။ဆိုလိုတာကတော့ သင်ဟာ ပုံတစ်ပုံမှာ လိုဂိုကပ်ထားပြီး ဒီ လိုဂိုအတွက် Layer တခုပေးထားမယ်ဆိုရင် နောက်ပုံမှာ ဒီလိုဂိုကို ပထမပုံထဲက အလွယ်တကူပြီး ထည့်လိုက်လို့ရတာကို ဆိုလိုတာဖြစ်ပါတယ်။
2.ပုံတစ်ပုံမှ အရောင်များကို လိုသလို ချိန်ညှိခြင်း
Adjustment Layers ကတော့ သင့်ရဲ့ ပုံတွေကို အရောင်တွေ ချိန်ညှိပြောင်းလဲတာမျိုး လုပ်နိုင်တဲ့ နေရာဖြစ်ပါတယ်။ကိုယ်လိုချင်တဲ့ အရောင်ကို ဝင်ချိန်းနိုင်ပြီးတော့ ကာလာတွေကို လိုသလို အတိုးအလျှော့လုပ်နိုင်ပါတယ်။ Adjustment Layers icon ကို ကလစ်နှိပ်ပြီးတော့ Layers panel နဲ့ ကိုယ် edit လုပ်လိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။ box လေးကျလာရင် custom ဆိုတာကို ရွေးပြီးတော့ လိုအပ်သလို အရောင်ပါတဲ့ ဘားတွေမှာ ညှိပြီးတာ့ အရောင်တွေ ချိန်နိုင်ပါပြီ။
3. အရောင်တင်ခြင်း
Automatic Fixes ကတော့ အရောင်တွေ ကျနေတဲ့ ပုံဟောင်းတွေကို သဘာဝအရောင်ပြန်တင်ပေးခြင်းဖြစ်ပါတယ်။ဒါက တချို့သော ပုံတွေမှာ အနည်းငယ်အရောင်ပြယ်နေတာတွေကို ပြင်နိုင်တဲ့ အမိုက်စား TOOL ဖြစ်ပါတယ်။ Image menu ထဲဝင်လိုက်ရင် Auto Tone, Auto Contrast, နဲ့ Auto Color ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ adjustment layer for Levels ဆိုပြီး ရွေးပြီးရင် Auto button ကို ကလစ်နှိပ်ပေးရမှာ ဖြစ်ပါတယ်။ Opacity Slider လေးကို ရွေ့ပေးပြီးလဲ စိတ်ကြိုက်ချိန်ညှိနိုင်ပါတယ်။
4. အလင်း/အမှောင်ချိန်ညှိခြင်း
သင့်ရဲ့ ပုံကို Levels ချိန်ဖို့ လိုအပ်လာရင် Brightness/Contrast feature သုံးတာထက် Mac မှာ Cmd+L နဲ့ Windows မှာသုံးမယ်ဆိုရင် Ctrl+L ကို နှိပ်ပြီး Levels Box ကို ခေါ်လို့ ရပါတယ်။ဒါကို ခေါ်ပြီးတဲ့အခါမှာ Inut Level မှာ ဖြစ်ဖြစ် လိုချင်တဲ့ အလင်းအမှောင်ရဖို့ ဂဏာန်းပမာဏ ရိုက်ထည့်တာဖြစ်ဖြစ် လုပ်ပြီး ချိန်ညှိနိုင်ပါတယ်။ Curves tools ကို ညာဖက်ရွှေ့ခြင်းက အလင်းကို ပိုတင်ခြင်းဖြစ်ပြီး ဘယ်ဘက်ရွှေ့ခြင်းက အမှောင်ဘက်ခြမ်းကို ပိုပြီး အမှောင်ချပေးတာဖြစ်ပါတယ်။
5. အစက်အပြောက်များကို ရှင်းလင်းခြင်း
ပုံတွေမှာ ရှိတဲ့ ကိုယ်မလိုချင်တဲ့ အစက်အပြောက်လေးတွေကို ဖျောက်ဖို့ ရိုးရှင်းတဲ့ tools တွေ သုံးဖို့ လိုပါတယ်။တချို့ဆို မျက်နှာက အစက်အပြောက်နဲ့ ဝက်ခြံတွေ ပုံတစ်ပုံမှာ မလိုအပ်တဲ့ အစက်အပြောက်တွေကို ရှင်းဖို့ Spot Healing Brush ကို သုံးသင့်ပါတယ်။
Spot Healing Brush ကို toolbar က ယူနိုင်သလို J ကိုနှိပ်ပြီးလဲ ခေါ်နိုင်ပါတယ်။ဆိုဒ်ကို လိုသလိုညှိယူပြီး ကြီးကြီးဖျက်မှာလား သေးသေးဖျက်မှာလားဆိုတာ ရွေးချယ်နိုင်ပါတယ်။ Content-aware ကို options bar ရဲ့ ထိပ်မှာပြောင်းပေးပြီးတော့ Spot တွေကို ဖျက်နိုင်တာဖြစ်ပါတယ်။
6. အရာဝတ္ထုများကို လက်ရာမပျက်ဖျောက်ပစ်ခြင်း
တခါတလေ အမှိုက်သရိုက်တေ မလိုအပ်တဲ့ အရာတွေ လူတွေနဲ့ အရာဝတ္ထုအစိတ်အပိုင်းတွေ ပါလာခြင်းကို ဖျက်ဖို့ Healing Brush နဲ့ Content-Aware Fill ကို သုံးနိုင်ပါတယ်။ပလိန်းဖြစ်သွားအောင် ဖယ်လိုက်တာနဲ့ နောက်ခံပုံစံ အစားထိုးဖြည့်တင်းပေးနိုင်တာဖြစ်ပါတယ်။ဒါဟာ လက်ရာလဲသေသပ်ပြီး အစားထိုးထားမှန်းလည်း မသိသာပါဘူး။Photoshop ကို အခုမှ စသုံးသူတွေ အသုံးပြုသင့်ပါတယ်။
Content-Aware Fill ကိုရွေးပြီး တချို့နေရာတွေကို ဖြည့်တင်းမယ်ဆိုရင် Select မှတ်ပြီးတော့ ဖြည့်တင်းနိုင်တာဖြစ်ပါတယ်။ Healing Brush Tool ကို သုံးမယ်ဆိုရင် Alt Key ကို သုံးပြီးတော့ ဖွင့်နိုင်တာဖြစ်ပါတယ်။
7. Black and White ပြောင်းလဲခြင်း
Black and White ဖြစ်အောင် ပုံကို ပြောင်းတာကတော့ လွယ်ကူပါတယ်။ adjustment layer မှာ Black & White ဆိုတာေ၇ွးလိုက်တာနဲ့ အလိုလိုဖြစ်သွားမှာဖြစ်ပါတယ်။ Tint option ထဲကနေလည်း Black & White ကို ရွေးပြီးတော့ အလင်းနဲ့ အမှောင် အဖြူနဲ့ အမဲကို တကွက်ခြင်း လိုသလို ချိန်းနိုင်တာဖြစ်ပါတယ်။
8. ပုံများကို လိုသလို လှီးဖြတ်ခြင်း
ပုံတွေကို ဖြတ်တာနဲ့ လိုသလောက်ပဲ လှီးယူတာကို လုပ်ဆောင်ချင်ရင်တော့ options bar မှာ Ratio ဆိုတာကို ရွေးရမှာဖြစ်ပါတယ်။ကိုယ်မူရင်းပုံကိုရွေးပြီး Square ချကာ W x H x Resolution ဆိုပြီး ရွေးပြီး ပုံတွေကို ရေပြင်ညီနဲ့ ဒေါင်လိုက်အတိုင်း တိကျစွာ ဖြတ်နိုင်ပါတယ်။
crop tool ကို ဖွင့်လိုက်ပြီးရင် Straighten button ကို ကလစ်နှိပ်ကာ ပုံကို ရေပြင်ညီအတိုင်း ဖြတ်နိုင်တာဖြစ်ပါတယ်။ကိုယ်က Crop လုပ်ဖို့ အရာပေးပြီးရင် Delete Cropped Pixels ကို ခလုတ်ကို ရွေးပြီး မလိုအပ်တဲ့ အပိုင်းကို ဖျက်ပစ်လိုက်လို့ရပါပြီ။.
9. Frame ထည့်ခြင်း
Frame ထပ်ထည့်ခြင်းအတွက်လည်း Image > Canvas Size ကို ရွေးပြီးတော့ Canvas Extension Color အောက်က White ဆိုတာကို ရွေးပေးပါ။ New Size ဆိုတာကို ပြောင်းလဲ ချိန်းပေးလိုက်ရင် Pixels unit ပိုင်းကို မကျအောင် ချိန်ပေးတာဖြစ်ပါတယ်။ဒါဆို ဖရိန်တိုးတာ လုပ်ခြင်း ပြီးဆုံးပြီဖြစ်ပါတယ်။
10. File ထဲမှာ Final ပုံ Save ခြင်း
ကိုယ်အားလုံးပြင်ပြီးတဲ့အခါ ပုံကို Save တဲ့ အပိုင်းမှာလည်း အရေးကြီးပါတယ်။ JPEG, TIFF နဲ့ PNG တို့နဲ့ Save လိုက်ခြင်းက ပုံကို အပြီးတိုင် Save လိုက်ခြင်းဖြစ်ပါတယ်။ဒီလို Save လိုက်တဲ့ အခါ Photoshop က ထောက်ပံ့ပေးတော့မှာ မဟုတ်ပဲ Final Photos အဖြစ် အပြီး Savae လိုက်တာဖြစ်ပါတယ်။တကယ်လို့ Photoshop နဲ့ပဲ Save လိုက်မယ်ဆိုရင် နောင်တချိန် လိုအပ်လို ပြုပြင်ပြောင်းလဲတာ ပြင်ဆင်တာ စာတွေ ထပ်ထည့်မှာဆိုရင် အချိန်မရွေးပြန်ဝင်ပြီး ပြင်နိုင်ပါတယ်။ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ပြီးသွားတဲ့ ပုံတိုင်းကို PSD format နဲ့ရော JPEG, TIFF, PNG တို့နဲ့ပါ Save ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
ယခုဖော်ပြထားတဲ့ Photoshop လက်သင်လေးများတဲ့ အသုံးလိုတဲ့ (10) ချက်ကို Shwe Tech အနေနဲ့ အကျိုးအမြတ်တစုံတရာအား ဘယ်အဖွဲ့အစည်းဆီက မယူထားပဲ Photoshop ကို စိတ်ဝင်စားပြီး လက်တွေ့ပြန်လေ့လာချင်သူတွေအတွက် ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။
This comment has been removed by the author.
ReplyDelete